Showing posts with label စိတ်ကူးတည့်ရာ. Show all posts
Showing posts with label စိတ်ကူးတည့်ရာ. Show all posts

Thursday, October 16, 2008

ပြောပြမယ် .....

ပြောပြမယ် ... သူငယ်ချင်းတွေအားလုံးကို ...။
ငြိမ်နေတယ်ဆိုပြီး မရေးတော့ဘူးမထင်နဲ့နော် ....။ ရေးဖို့ အရှိန်ယူနေတာ ..။
ဟဲ ဟဲ ဟဲ ...။

Read More...

Friday, August 29, 2008

သားစိုး၏ ပိုင်ဆိုင်မှုများ . . .

သားစိုးမှာလား ... ပိုင်ဆိုင်မှုတွေက အများကြီးမှ အများကြီးရှိတာပေါ့ဗျာ ....။
အားလုံးကမေးချင်ကြလိမ့်မယ် ...

တိုက်ကြီးလား ..? (၀ါး ဟား ဟား ) ၊
နောက်ဆုံးပေါ်ကားကြီးလား ...? (ဝူး ဟူး ဟူး) ၊
ဒေါ်လာတွေအများကြီးလား ...? (ဝီး ဟီး ဟီး) ၊
စီးပွားရေးလုပ်ငန်းကြီးတွေလား ...? (ဝဲ ဟဲ ဟဲ) ၊

ဒါဆို ..အမွေတွေ အများကြီးရစရာရှိတာလား ...? (အဟင့် အဟင့်) .... တစ်ခုမှကို မဟုတ်ဘူး....။

သားစိုးရဲ့ ပိုင်ဆိုင်မှုတွေက ဘာတွေလဲဆိုတော့ . . .  
၁။ အခန်းကို နေ့တိုင်းညစ်ပေအောင်ဖွပေးတဲ့ ပူး(Guinea Pigs )က (၁)ကောင်
၂။ ချစ်သူကိုသားစိုးကိုယ်စားစောင့်ရှောက်ပေးဖို့ ခွေးဘီလူး(Bulldog)က (၁)ကောင်
၃။ အခန်းထဲမှာစိုက်ထားတဲ့ အပင်က (၈)ပင်
၄။ ကမ္ဘာကြီးနဲ့ အဆက်အသွယ်လုပ်ဖို့ Laptop က(၁)လုံး
၅။ လူဖြစ်ရတဲ့ဒုက္ခတွေကို အဓိပ္ပါယ်ရှိစေတဲ့ ချစ်သူချောချောလေးက(၁)ယောက်
၆။ လူရိုသေရှင်ရိုသေ တတ်ထားတဲ့ ပညာလေးက တစ်ပိုင်းတစ်စ

ကဲ ... သားစိုးမှာ ဘယ်လောက်တောင်မှ တန်ဘိုးရှိလှတဲ့ ပိုင်ဆိုင်မှုတွေလဲ .... သူများတွေအတွက်တော့ မသိဘူးဗျ ..။ သားစိုးအတွက်ကတော့ အဲ့ဒီပိုင်ဆိုင်မှုလေးတွေကို ပိုင်ဆိုင်ရလို့ လူဖြစ်ရကျိုးနပ်ပြီလို့တောင်ထင်မိတယ် ..... ။

Read More...