Wednesday, February 3, 2010

ရည်းစားဖြတ်ကဗျာ

ခရောင်းတော ကန္တာရ

ကြမ်းတမ်းလှတဲ့ ဘဝထဲကို

တိုးလို့ဝင်လျှောက်

မဝင်ရောက်ဝံ့သူအတွက်

မေရယ် .....

သံသရာဇာတ်လမ်း

ရှေ့ဆက်လို့ မလွမ်းချင်ဘူး . . . . . ။

၁၉၉၈ ခုနှစ် (ပထမနှစ်ကျောင်းသားဘဝ) တုန်းက သားစိုး ကြိုက်နေတဲ့ ကောင်မလေးကို ဖြတ်စာအဖြစ် ပေးခဲ့တဲ့ ကဗျာလေးပါ . . . ။ အတန်းဖော် သူငယ်ချင်းတစ်ယောက်နဲ့ တိုင်ပင်ပြီး စပ်ထားတဲ့ ကဗျာလေးပေါ့ . . . ရေးတာကတော့ အဆက်ဖြတ်တဲ့ ကဗျာလေး . . . ဒါပေမယ့် ဒီကဗျာလေးကြောင့်ပဲ အဲ့ဒီကောင်မလေးဆီက အဖြေကိုရခဲ့တာ . . . ။

အခုတော့လည်း ဒါတွေက ပြီးခဲ့ပါပြီဗျာ . . . ။ ထုံးစံအတိုင်းပဲ . . . သိကြတယ်မဟုတ်လား . . အဲ့ဒီကောင်မလေးက သူများနောက်ပါသွားတဲ့အထဲမှာ ပထမဦးဆုံးကောင်းမလေးပဲဗျို့ . . . ။

Read More...

Tuesday, February 2, 2010

တိတ်တခိုးအချစ်

ပြောပြချင်ပါတယ် .... ဒါပေမယ့်

ဖွင့်မပြောရဲတဲ့ဘဝ

တိတ်ဆိတ်ဆွံ့အ

နှုတ်ဆိတ်နေရတဲ့

ငါ့ဘဝရဲ့ မျှော်လင့်အိပ်မက်

ရင်မှာအနေခက်တာမို့

တိတ်တခိုးအချစ်နဲ့ လွမ်းရတယ် .....။

Read More...

မြိုသိပ်ခြင်း

တစ်ယောက်တည်းဆွေး

အဝေးကချစ်

လွမ်းလျှက် နှစ်သာရှည်ကြာလာ

ဝေဒနာ 'သူ' မသိပေမယ့်

မဖြေသာ ရင်မချိအောင်ပေါ့

လွမ်းလျှက် ကျေနပ် . . . . . ။

Read More...