ဒီနေ့ကစ၍ သားစိုးဘလော့ခ်ကို ပြန်ပြီးစရေးပါတော့မယ် .....။
ယခင်ရက်ပိုင်းတွေတုန်းက ဘာလို့ ပို့စ်အသစ်မတင်တာလဲဆိုတဲ့ သားစိုးရဲ့ ပရိသတ်တွေအတွက် ဒီနေ့ကစပြီး ပို့စ်အသစ်တွေ ဖတ်ရတော့မှာပါလို့ သတင်းကောင်းပေးလိုက်ပါရစေဗျာ....။
July နဲ့ August လတွေမှာ သားစိုးပို့စ်အသစ်မရေးပဲ ခဏနားထားတာ အကြောင်း(၂)ချက် ရှိပါတယ် ....အဲ့ဒါတွေကတော့ .......
၁။ Summer Holiday ဖြစ်ခြင်းကြောင့် ........
သားစိုးတို့လို့ ကျောင်းသားတွေအတွက် နွေကျောင်းပိတ်ရက်ဆိုတာ အင်မတန်မှ အရေးပါလှတဲ့ အားလပ်ရက်ကြီးပါ..။ သင်ခန်းစာတွေကို အပတ်တကုတ်လေ့လာသင်ယူ၊ ကျက်မှတ်၊ လေ့လာ ... ပြီးတော့ နှစ်ကုန်စာမေးပွဲကြီးအတွက် အပြင်းအထန်ကြိုးစား ပြင်ဆင်ဖြေဆို .... စတာတွေကို စာသင်နှစ်တစ်ခုလုံး မနားတမ်းလုပ်ဆောင်ခဲ့ကြရပါတယ်...။ ဒါကြောင့် နောက်စာသင်နှစ် အတန်းအသစ်တက်ဖို့အတွက် ပင်ပန်းနွမ်းနယ်နေတဲ့ ဦးနှောက်တွေကို ပြန်လည် လန်းဆန်းလာအောင် အနားပေးဖို့ လိုအပ်လာပါတယ် ...။ တနည်းအားဖြင့်ပြောရရင်တော့ ဒီရက်ပိုင်းတွေမှာ သားစိုးပို့စ်အသစ်မရေးတာဟာ မရေးချင်လို့မဟုတ်ပါဘူး... နွမ်းနယ်နေတဲ့ အတွေးကနေရလာမယ့် နွမ်းနယ်နေတဲ့ ပို့စ်တွေကိုဖတ်ပြီး သားစိုးရဲ့ ပရိသတ်တွေ စိတ်အမောအပြေပဲ နွမ်းနယ်သွားမှာစိုးလို့ပါ...။
၂။ ပိုမိုလေးနက်စေလိုခြင်းကြောင့် .....
သားစိုးက ဘလော့ခ်ကို အားမှရေးတယ် ဆိုတာမျိုးဖြစ်မှာစိုးလို့ပါ...။ အားလို့ ဘလော့ခ်ရေးတယ်ဆိုရင် ဘလော့ခ်လောက ကြီးမှာ (၁၀၉/၁၁၀) တွေတော်တော်များပါလားလို့ အများကထင်ကုန်ကြမှာပေါ့ ။ ဒါကြောင့် ကျောင်းတွေဖွင့်ချိန် ကျောင်းစာတွေနဲ့ မအားမလပ်တဲ့ကြားထဲကနေ ပို့စ်အသစ်တွေကို သားစိုးရေးမယ်ဆိုပြီး ဘလော်ဂါတွေရဲ့ ဂုဏ်ကို မြှင့်တင်လိုတဲ့ ရည်ရွယ်ချက်နဲ့ နွေကျောင်းပိတ်ရက်မှာ ပို့စ်အသစ်မတင်တာပါ....။
ဟဲ . . . ဟဲ . . . ဟဲ . . . ဒီလောက်ဆိုရင် သားစိုးအပျင်းကျပြီး ပို့စ်အသစ်မရေးတာကို အကြောင်းပြချက်ပေးတာ လုံလောက်ပြီးထင်ပါရဲ့ နော် ... ။
Showing posts with label ကြေငြာချက်. Show all posts
Showing posts with label ကြေငြာချက်. Show all posts
Wednesday, August 27, 2008
သားစိုးပြန်ရေးပြီ ........ ဘလော့ခ်
အမျိုးအစား ၊
ကြေငြာချက်
Wednesday, May 28, 2008
စာမေးပွဲရှိနေလို့ဗျို့
ပို့စ်အသစ်တွေတော့ ရေးပြီးတင်ချင်ပါတယ်။ စာမေးပွဲတွေရှိနေလို့ မရေးဖြစ်သေးတာ။ စာမေးပွဲက (၂)ဘာသာပဲ ဖြေပြီးသေးတယ်လေ။ ဖီလော်ဆော်ဖီ နဲ့ အင်္ဂလိပ်စာပဲ ဖြေပြီးသေးတာ။ အမှတ်တွေတော့ ပြောမပြတော့ပါဘူး ...။ ကြွားနေတယ်ထင်မှာစိုးလို့ ..ဟဲ..ဟဲ..ဟဲ။
Supervisor ရဲ့ စာမေးပွဲလေးကျန်နေသေးလို့ နည်းနည်းတော့ စာကြိုးစားချင်ယောင်ဆောင်လိုက်ဦးမယ်ဗျို့ ။
စာမေးပွဲပြီးမှပဲ .....
Supervisor ရဲ့ စာမေးပွဲလေးကျန်နေသေးလို့ နည်းနည်းတော့ စာကြိုးစားချင်ယောင်ဆောင်လိုက်ဦးမယ်ဗျို့ ။
စာမေးပွဲပြီးမှပဲ .....
အမျိုးအစား ၊
ကြေငြာချက်
Subscribe to:
Posts (Atom)
