Showing posts with label အတ္ထုပ္ပတ္တိ. Show all posts
Showing posts with label အတ္ထုပ္ပတ္တိ. Show all posts

Tuesday, May 20, 2008

ပူးကလေး မောင်ပေတူး

ပေတူးကို မနေ့(၁၉-မေ-၂၀၀၈)တုန်းက Exhibition Center (ВВЦ) ကနေအပြန် လမ်းမှာ ကျောင်းသူချောချောလေးတစ်ယောက်က ရောင်းနေတာတွေ့လို့ ချစ်စရာကောင်းတာနဲ့ ဝယ်လာတာ..(ပူးလေးက ချစ်စရာကောင်းတာကို ပြောတာပါ...)။ ဒီကောင်လေးက အမြဲချောင်ပဲ တိုးနေတာဗျ။ ပြီးတော့ သူအီးအီးပါရင်လည်း ထောင့်လေးတစ်ခုမှာစုပြီးပါတယ် ။ သေးပေါက်ရင်လည်း အဲ့ဒီနေရာမှာပဲ။ ဒါပေမယ့် ဆိုးတာတစ်ခုက သူ့အီးပုံပေါ်မှာ သူ ပြန်တက်ထိုင်နေတာပဲ။ အဲ့ဒီလို အီးတွေ သေးတွေနဲ့ ပေတေနေလို့ သားစိုးက ပူးလေးကို (ပူးတေ) ပေတူးလို့ နာမည်ပေးထားတာ.... ပေတူးလေးကိုမြင်ဖူးရအောင်လို့ သူ့ဓါတ်ပုံတွေတင်ပေးလိုက်ပါတယ်ဗျာ .... ။

ပေတူး




ပေတူးရဲ့ မူရင်းမာမီ

Read More...

Tuesday, May 13, 2008

ကျွန်တော်သားစိုး (T.S)

မိဘတွေနဲ့စကားပြောတဲ့အခါ..ဒါမှမဟုတ် မိဘတွေဆီစာရေးတဲ့အခါ သူ့ကိုယ်သူ (အနော်...အနော်ကလေ)ဆိုပြီး ပြောပြောတတ်တဲ့ သူငယ်ချင်းတစ်ယောက် ကျွန်တော့မှာရှိတယ်ဗျ။ ဒီကောင်နဲ့က ညီအစ်ကိုအရင်းလို အရမ်းလည်းခင်တယ်။ ဒီကောင်က မိဘဆိုရင်လည်း အရမ်းကို သိတတ်တာ....။ ကျွန်တော်နဲ့ကတော့ ကွာပါ့ဗျာ....ဟဲ..ဟဲ..ဟဲ။
ကျွန်တော်ဆိုတဲ့ကောင်က အိမ်မှာ ပြန်မပြော နားမထောင်ကောင်မျိုး..... မိဘတွေ ဘာပြောပြော...ဘယ်လိုပဲ ဆူဆူ .... ကျွန်တော့်ကို ပြောနေတာ မဟုတ်ဘူးလို့ပဲ သဘောထားပြီးနေတော့ ပြောဆို ဆူပူရတဲ့ မိဘတွေလည်း ပြောချင်တာကို ကောင်းကောင်းမွန်မွန်ပြောရတော့ သူတို့လည်းစိတ်ချမ်းသာတာပေါ့။ (မိဘတွေကို စိတ်ချမ်းသာစေချင်လို့ပါ။)
ကျွန်တော့်အမြင်ကတော့ မိဘတွေဆူပူရလောက်အောင် ကျွန်တော်က မဆိုးမမိုက်ပါဘူးဗျာ။ မိဘတွေကိုက အစိုးရိမ်လွန်နေတာ။ ဘာပဲပြောပြော ကျွန်တော်ကတော့ မိဘတွေပြောချင်တာပြော ကျွန်တော်လည်း လုပ်ချင်ရာလုပ်ပဲ။ လုပ်ချင်ရာလုပ်ဆိုလို့ တစ်မျိုးတော့မထင်ကြနဲ့ . . ကျွန်တော်က ကိုယ့်ယူဆချက်နဲ့ မကိုက်ညီဘူးထင်ရင်တော့ မလုပ်ဘူး ။ ဒါပေမယ့် (၅)ပါးသီလတော့ လုံတယ်ဗျ။ လုပ်ချင်ရာလုပ်ဆိုတာက မိဘတွေက ရေမကူးရဘူးလို့ ကန့်သတ်ထားတယ်.... ကျွန်တော်က ရေကူးဆိုတာ တတ်ထားသင့်တယ်လို့ ယူဆတယ်.... အဲ့လိုအခါမျိုးကျရင် ကျွန်တော့်မှန်ကန်ချက်အတိုင်း လုပ်တတ်တာကိုပြောတာ..။

အဲ့ဒါတွေကျွန်တော်က သူငယ်ချင်းကိုပြောပြတော့ ဒီကောင်က ကျွန်တော့်ကို မင်းက သားဆိုးပဲဆိုပြီး ကျွန်တော့်ကို နာမည်ပြောင်(Nickname) သားစိုး(T.S) ဆိုပြီး ပေးတော့တာပဲ..(အဆိုတော် သားစိုးဆိုတာ ကျွန်တော့်နောက်မှပေါ်တာဗျ....ဟဲ..ဟဲ..ဟဲ)။

Read More...