Wednesday, February 3, 2010

ရည်းစားဖြတ်ကဗျာ

ခရောင်းတော ကန္တာရ

ကြမ်းတမ်းလှတဲ့ ဘဝထဲကို

တိုးလို့ဝင်လျှောက်

မဝင်ရောက်ဝံ့သူအတွက်

မေရယ် .....

သံသရာဇာတ်လမ်း

ရှေ့ဆက်လို့ မလွမ်းချင်ဘူး . . . . . ။

၁၉၉၈ ခုနှစ် (ပထမနှစ်ကျောင်းသားဘဝ) တုန်းက သားစိုး ကြိုက်နေတဲ့ ကောင်မလေးကို ဖြတ်စာအဖြစ် ပေးခဲ့တဲ့ ကဗျာလေးပါ . . . ။ အတန်းဖော် သူငယ်ချင်းတစ်ယောက်နဲ့ တိုင်ပင်ပြီး စပ်ထားတဲ့ ကဗျာလေးပေါ့ . . . ရေးတာကတော့ အဆက်ဖြတ်တဲ့ ကဗျာလေး . . . ဒါပေမယ့် ဒီကဗျာလေးကြောင့်ပဲ အဲ့ဒီကောင်မလေးဆီက အဖြေကိုရခဲ့တာ . . . ။

အခုတော့လည်း ဒါတွေက ပြီးခဲ့ပါပြီဗျာ . . . ။ ထုံးစံအတိုင်းပဲ . . . သိကြတယ်မဟုတ်လား . . အဲ့ဒီကောင်မလေးက သူများနောက်ပါသွားတဲ့အထဲမှာ ပထမဦးဆုံးကောင်းမလေးပဲဗျို့ . . . ။

0 Comments: