Wednesday, August 27, 2008

သားစိုးပြန်ရေးပြီ ........ ဘလော့ခ်

ဒီနေ့ကစ၍ သားစိုးဘလော့ခ်ကို ပြန်ပြီးစရေးပါတော့မယ် .....။
ယခင်ရက်ပိုင်းတွေတုန်းက ဘာလို့ ပို့စ်အသစ်မတင်တာလဲဆိုတဲ့ သားစိုးရဲ့ ပရိသတ်တွေအတွက် ဒီနေ့ကစပြီး ပို့စ်အသစ်တွေ ဖတ်ရတော့မှာပါလို့ သတင်းကောင်းပေးလိုက်ပါရစေဗျာ....။
July နဲ့ August လတွေမှာ သားစိုးပို့စ်အသစ်မရေးပဲ ခဏနားထားတာ အကြောင်း(၂)ချက် ရှိပါတယ် ....အဲ့ဒါတွေကတော့ .......

၁။ Summer Holiday ဖြစ်ခြင်းကြောင့် ........
သားစိုးတို့လို့ ကျောင်းသားတွေအတွက် နွေကျောင်းပိတ်ရက်ဆိုတာ အင်မတန်မှ အရေးပါလှတဲ့ အားလပ်ရက်ကြီးပါ..။ သင်ခန်းစာတွေကို အပတ်တကုတ်လေ့လာသင်ယူ၊ ကျက်မှတ်၊ လေ့လာ ... ပြီးတော့ နှစ်ကုန်စာမေးပွဲကြီးအတွက် အပြင်းအထန်ကြိုးစား ပြင်ဆင်ဖြေဆို .... စတာတွေကို စာသင်နှစ်တစ်ခုလုံး မနားတမ်းလုပ်ဆောင်ခဲ့ကြရပါတယ်...။ ဒါကြောင့် နောက်စာသင်နှစ် အတန်းအသစ်တက်ဖို့အတွက် ပင်ပန်းနွမ်းနယ်နေတဲ့ ဦးနှောက်တွေကို ပြန်လည် လန်းဆန်းလာအောင် အနားပေးဖို့ လိုအပ်လာပါတယ် ...။ တနည်းအားဖြင့်ပြောရရင်တော့ ဒီရက်ပိုင်းတွေမှာ သားစိုးပို့စ်အသစ်မရေးတာဟာ မရေးချင်လို့မဟုတ်ပါဘူး... နွမ်းနယ်နေတဲ့ အတွေးကနေရလာမယ့် နွမ်းနယ်နေတဲ့ ပို့စ်တွေကိုဖတ်ပြီး သားစိုးရဲ့ ပရိသတ်တွေ စိတ်အမောအပြေပဲ နွမ်းနယ်သွားမှာစိုးလို့ပါ...။

၂။ ပိုမိုလေးနက်စေလိုခြင်းကြောင့် .....
သားစိုးက ဘလော့ခ်ကို အားမှရေးတယ် ဆိုတာမျိုးဖြစ်မှာစိုးလို့ပါ...။ အားလို့ ဘလော့ခ်ရေးတယ်ဆိုရင် ဘလော့ခ်လောက ကြီးမှာ (၁၀၉/၁၁၀) တွေတော်တော်များပါလားလို့ အများကထင်ကုန်ကြမှာပေါ့ ။ ဒါကြောင့် ကျောင်းတွေဖွင့်ချိန် ကျောင်းစာတွေနဲ့ မအားမလပ်တဲ့ကြားထဲကနေ ပို့စ်အသစ်တွေကို သားစိုးရေးမယ်ဆိုပြီး ဘလော်ဂါတွေရဲ့ ဂုဏ်ကို မြှင့်တင်လိုတဲ့ ရည်ရွယ်ချက်နဲ့ နွေကျောင်းပိတ်ရက်မှာ ပို့စ်အသစ်မတင်တာပါ....။

ဟဲ . . . ဟဲ . . . ဟဲ . . . ဒီလောက်ဆိုရင် သားစိုးအပျင်းကျပြီး ပို့စ်အသစ်မရေးတာကို အကြောင်းပြချက်ပေးတာ လုံလောက်ပြီးထင်ပါရဲ့ နော် ... ။

2 Comments:

အိတာ said...

ဒီလိုဘယ်ရလိမ့်မလဲကွယ်...ဒန် ဒန် ဒန်

JulyDream said...

ပြန်ရေးနိုင်ပြီဆိုတဲ့ အတွက် ၀မ်းသာပါတယ် ဗျာ... Blog ကို ၁၀၉ ၁၁၀ တွေ ရေးတယ်လို့ မထင်ပါဘူး။ စာတစ်စောင် ရဖို့အတွက် အနည်းဆုံး နာရီဝက်ကျော်ကျော် အချိန်ပေးရပါတယ်။ မြန်မာပြည်က လူတွေအနေနဲ့လည်း ကွန်နတ်ရှင် မကောင်းတာကို စိတ်ရှည်ရှည် ထားပြီး ပို့စ်တင်ရတာပါ။ ဒါကြောင့် ၁၀၉ ၁၁၀ လို့ လုံးဝကို မထင်ထားပါဘူး ခင်ဗျာ။