Thursday, September 4, 2008

စကားပုံထဲမှာ မောင့်ကို မထားခဲ့ပါနဲ့ . . .

ကိုယ်ကချိန်လိုက် ပါသွားလိုက် ... ကိုယ်ကကြိုက်လိုက် လင်နောက်လိုက် .... ဆိုတဲ့ စကားပုံက သားစိုးအတွက်များ တမင်သက်သက်ပြောခဲ့တာများလားမသိ ...။ သားစိုးတို့များ သစ်ရွက်ကလေးတွေကြွေရင် ရင်ခုန်တတ်တဲ့အရွယ်ကစလို့ အခုအချိန်အထိ အဲ့ဒီစကားပုံထဲကကို ရုန်းမထွက်နိုင်ဘူး ...။

သားစိုး ပိုးခဲ့ပန်းခဲ့တဲ့ ကောင်မလေးတွေကို ပြန်ရေတွက်ကြည့်ရင် မနည်းမနောပါပဲ ..။ ဟီး ဟီး.. သားစိုးကို ပြန်ကြိုက်တဲ့ ကောင်မလေးကတော့ အခုလက်ရှိ ချစ်သူလေးတစ်ယောက်ပဲ ရှိမယ်ထင်တယ် ...။ အဲ့ဒီလိုကို စွံတာ ...။
၁။ သားစိုး(၈)တန်းနှစ်တုန်းက အတန်းထဲမှာ သားစိုးချိန်နေတဲ့ ကောင်မလေးကို သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးက အလစ်သုတ်သွားတာက (၁)ခါ ....။
၂။ သားစိုး(၉)တန်းရောက်တော့ အရာရှိသမီးတစ်ယောက်ကို သူများတွေနဲ့ အတူတူ သူ့ခုံထဲစာသွားထည့်တာ ကျန်တဲ့ သူတွေဘာမှ မဖြစ်ပဲ သားစိုးတစ်ယောက်တည်းပဲ ကံကောင်းထောက်မစွာ ကျောင်းအထုတ်ခံရမလိုဖြစ်တာက (၁)ကြိမ် ...။ နောက်နှစ်ကျတော့ အဲ့ဒီကောင်မလေးကို သူ့အိမ်က သားစိုးတို့ကျောင်းမှာ မထားတော့ဘူးဗျာ ...။
၃။ (၁၀)တန်း နှစ်စမှာ သားစိုးကြိုက်တဲ့ သူငယ်ချင်းကောင်မလေးကိုလည်း အဆင်ပြေမလို ဖြစ်ခါနီးမှ သူတို့ အိမ်နားက အကိုကြီးတစ်ယောက်က ဖြတ်ခုတ်သွားတာက (၁)ကြိမ်....။
၄။ (၁၀)တန်းဖြေပြီးတော့ သားစိုးထက်(၁)နှစ်ကြီးတဲ့ မမတစ်ယောက်ကို ကြိုက်မိလိုက်သေးတယ် ... နည်းနည်းတော့ အဆင်ပြေမလိုလိုနဲ့ ... ရီးစားတွေ ဖြစ်တော့ မလိုလို ဘာလိုလိုနဲ့ပါပဲ .. သူ့မိဘတွေက အဲ့ဒီမမကို ပြောတယ်တဲ့ဗျာ ။ မမက သားစိုးကို ပြန်ပြောပြတာ ..( သမီးတဲ့ ... အမေတို့က သမတ်ကို နို့တိုက်မမွေးချင်ဘူးတဲ့ .. ဟီး ဟီး .. သားစိုးကလည်း ပြန်ပြောလိုက်ပါတယ် .. ယောက်ခမ နို့တော့ မဆို့ချင်ပါဘူးလို့ သူ့သမီးနို့ဆိုတော်သေးလို့ ... ) အဲ့လို့ပြောပြီး နောက်တစ်လလောက်အကြာမှာ သားစိုးလည်း တခြားမြို့တစ်မြို့မှာ တက္ကသိုလ်သွားတက်ရတယ် ..။ သိပ်မကြာပါဘူး အဲ့ဒီမမဆီကနေ သားစိုးဆီစာရောက်လာတယ် ... အမေတို့ စိတ်ချမ်းသားအောင် အိမ်ကပေးစားတဲ့လူနဲ့ လက်ထပ်လိုက်ပြီတဲ့ ....။ အခုဆို အဲ့ဒီ မမသာ ယောကျ်ား(၂)ယောက်လောက်ယူပြီးသွားတယ် သားစိုးတို့ကတော့ မိန်းမတစ်ယောက်တောင် ရအောင်မယူနိုင်သေးဘူး ... ။
၅။ ဘွဲ့ရပြီးတော့ သားစိုးရဲ့ ကျောင်းတုန်းက သူငယ်ချင်းမလေးတစ်ယောက်နဲ့ နှစ်ဘက်မိဘတွေ သဘောတူလို့ မိန်းမရတော့မလိုလို ဘာလိုလိုတောင်ဖြစ်လိုက်သေး...။ အဲ့လိုဖြစ်ပြီး ဘာများကြာလိုက်လို့တုန်း ..အဲ့ဒီသူငယ်ချင်းမလေးလည်း လင်နောက်လိုက်သွားပါရောလား ...။ ဟီး ဟီး ... နှလုံးလမ်းကြောင်းမှာ ကျွန်းများခံနေသလား မသိဘူးနော်...။
၆။ အလုပ်တွေဘာတွေရပြီးတော့ ကောင်မလေးတစ်ယောက်ကို တော်တော်လေး ကြိုက်ဖူးလိုက်တယ် ...။ အဲ့ဒီကောင်မလေးလည်း ထုံးစံအတိုင်းပါပဲ ... သူများနောက်ပါသွားပြီ။ စွံတာ စွံတာ ... ။
အခုလား .... ဒီတစ်ယောက်လေးပဲ သားစိုးကို ပြန်ကြိုက်လို့ လူလူသူသူ ရီးစားလေးတစ်ယောက်တော့ ရထားပြီးပြီဗျ ... ဟဲ ဟဲ ဟဲ ။ ဒီရီးစားလေးသာ မကယ်ရင်တော့ သားစိုးတစ်ယောက် စကားပုံထဲက လူဖြစ်ရတော့မှာ အသေအချာပါပဲ ...။ ဒါကြောင့် သားစိုးက ချစ်သူလေးကို ခဏ ခဏပြောရတယ် ... စကားပုံထဲမှာတော့ မောင့်ကို မထားခဲ့ပါနဲ့လို့ .... ။

6 Comments:

Dream said...

ဝါး.ဟားဟား..ဦးဦးတားဆိုးဂျီးကလည်း
တော်တော်ရယ်ရတယ်..ဗြဲ..
:P ...သူများနဲ့ညားတဲ့ငါ့ရည်းစားတွေကြီးပါလား..
:P

အိတာ said...

့ဖြစ်ရမယ်လေ။။။ရုပ်ဆိုးတာကိုး...
အိမွန်တာလိုချစ်စရာမှမကောင်းတာ :D :P :)

သက်တန့် said...

သားကဆိုးလို့ ဖြစ်မှာပေါ့ သားစိုးရဲ့... :)
တော်သေးတာပေါ့... နာမည်က သားစိုးဖြစ်နေလို့...
သူရသာဆို ပိုဆိုးမယ် ထင်ပ... :P

Apprenticeship said...

ဒီတစ်ခါတော့ ကံကောင်းပါစေတော့နော် :D :) :P

စန္ဒီမိုးမြင့် said...

ကိုကြီးသာစိုး
ဒီတစ်ခါ ရဲ့ နှလုံးသားရာဇ၀င်က ကျွန်းခံနေတာတင် မဟုတ်လောက်ဘူး တိုင်တန်းနစ်သဘောင်္ာကြီး ပါ ဆိုက်ပြီး ကွယ်နေတာဖြစ်မယ်
ဟီးး
ဒီကောင်မလေးကသာထားခဲ့ရင်တော့ ကိုကြီးသားစိုး က စလုံးနဲ့ မစိုးနဲ့တော့ ဆ လိမ်နဲ့ သားဆိုး လို့သာ ပြောင်းလိုက်နော်
:P

Unknown said...

ဟိုက်..... ရည်းစား တယောက်တိတိ
ရှိတယ်ဆိုတော့ တပည့်ခံအုံးမှ..... :P