Monday, September 8, 2008

မွေးမြူရေးသမား သားစိုး

သားစိုးက တရိစ္ဆာန်လေးတွေကို ချစ်တတ်တာ .. မွေးမြူတတ်တာ အခုမှမဟုတ်ဘူး ...ငယ်ငယ်လေးကတည်းက ။ ငယ်ငယ်ကဆို ဘာအကောင်ပလောင်လေးတွေပဲရရ အကုန်လုံးကို အိမ်မှာမွေးထားတာ ...။ ခွေးတွေဆိုလည်း လမ်းဘေးကခွေဝဲစားကအစ သနားလို့ဆိုပြီး အိမ်ခေါ်မွေးထားတာလေ ... အိမ်မှာဆို ခွေးတွေမှ အများကြီး ။ အဲ့ဒီခွေးတွေက အိမ်နားက ဖြတ်သွားတဲ့လူတွေကို ကိုက်လို့ ဆေးဖိုးပေးရတာလဲ ခဏခဏပဲ ....။ အဲ့ဒီ ခွေးတွေမွေးလို့ သားစိုးကို အဒေါ်က မြည်တွန်းတောက်တီးလုပ်တာလဲ အကြိမ်ပေါင်း မရေမတွက်နိုင်အောင်ပါပဲ ...။
သားစိုးမွေးတဲ့အထဲမှာ အဒေါ်စျေးကဝယ်ဝယ်လာတဲ့ ငါးအရှင်လေးတွေ ... ပုစွန်အရှင်လေးတွေတောင်ပါသေးတယ် ..။ အဒေါ်က စျေးကနေ ငါးအရှင်လေးတွေ ဝယ်လာတဲ့နေ့ဆို အဒေါ်မသိအောင် ငါးလေးတွေကို ယူယူပြီး အိမ်ရှေ့ အိမ်နောက် ရေအိုး ရေတိုင်ကီ အကုန်ရှိရှိသမျှ လိုက်ထည့်မွေးတာပဲ ...။ အဒေါ်ငါးအရှင် ပုစွန်အရှင်လေးတွေ ဝယ်လာတိုင်းမွေးထားလိုက်တာ .... ရေအိုးတွေ ရေတိုင်ကီတွေမှာ ရေနည်းသွားပြီဆိုရင် ရေခပ် မသုံးလေနဲ့ . . ငါး မဟုတ်ရင် ပုစွန် .. တစ်ကောင် မဟုတ် တစ်ကောင်တော့ ပါလာစမြဲပဲ ...။ အဲ့ဒီတော့ သားစိုးကို အဒေါ်က အမိန့်တစ်ခုထုတ်တယ်ဗျ ...။ အိမ်ရှေ့ အိမ်နောက် ဘယ်ရေအိုး ဘယ်ရေတိုင်ကီမှာမှ ငါးထည့်မမွေးရဘူးတဲ့ ..။ အိမ်ရှေ့ အိမ်နောက်ဆိုတော့ သားစိုးလည်း အဲ့ဒါတွေနဲ့ လွတ်အောင်စဉ်းစားရတော့တာပေါ့လေ ...။ မွေးချင်တဲ့ ၀ါသနာကလည်း ဖျောက်လို့မှ မရကိုးဗျ ...။
ဒါပေမယ့် အိမ်ရှေ့ အိမ်နောက် ရေအိုး ရေတိုင်ကီတွေမှာတော့ ငါးတွေ မတွေ့ရတော့ပါဘူး ... အဒေါ်တို့ကတော့ ကျေနပ်နေတာပေါ့ ... ရေကို သူ့စိတ်ကြိုက်သုံးလို့ရပြီဆိုတော့လေ ...။
အဲ့ .... သိပ်မကြာလိုက်ပါဘူး ... အိမ်ကိုလာတဲ့ ဧည့်သည်တစ်ယောက် သောက်ရေအိုးကရေကို ခပ်သောက်လိုက်တာ ငါးရံ့တစ်ကောင်ပါလာလို့ သားစိုးတို့ ကြောပြင်ဗျောတင်ခံလိုက်သဗျာ ....။ အဲ့ဒီတုန်းကဆိုရင် အဒေါ်ကရော ဦးလေးကပါ (၂)ယောက်ပေါင်းပြီး တီးတာ ... ။ ငါးကို ၀ါးစားမိတဲ့ ဧည့်သည်က ဝင်ဆွဲပေလို့ပေါ့ဗျာ ...။ သားစိုးတို့ဆို (၁)ပတ် (၂)လောက် ကောင်းကောင်း မထိုင်နိုင်ဘူး ..။ ဖင်နဲ့ ခြေသလုံးမှာ အချိုးရာတွေပြည့်နေလို့လေ...။ အဲ့သလိုကို မွေးမြူရေးကို ၀ါသနာပါတာ ... ။

7 Comments:

သက်တန့် said...

မွေးမြူရေးသမား သားစိုးရေ...
မမကတော့ ခွေးချစ်လို့ ခွေးလေးတစ်ကောင် မွေးထားတယ်...
အရမ်းချစ်ဖို့ကောင်းတယ် သိလား...
ကြုံတုန်းလေး ၀င်ကြွားသွားတာ... ဟဲဟဲ... :P

Soe Mya Nandar Thet Lwin (Borros Roxo) said...

မွေးမြူရေးကို ၀ါသနာပါသကိုး။

SMNTL

Dream said...

ဦးဦးတားဆိုးရေ..တော်သေးတာပေါ့ငါးကိုသောက်
ရေအိုးထဲထည့်မွေးထားလို့..။မြွေကိုသာထည့်မွေးထားရင်
ဘယ်လိုဖြစ်မယ်မသိဘူးနော်...အင်း..မွေးချင်အုံးဟဲ့..
တရိစ္ဆာန်တွေကို.. ဖြောင်း..ဖြောင်း...(ရိုက်သံ)လက်ခုပ်သံမဟုတ်ပါ။။ဟီးဟီး..

မီးကတော့ကြောင်လေးချောချေားလေးပဲမွေးထားတယ်
အ၇မ်းလည်းလိမ္မာတယ်။ချစ်စရာလည်းကောင်းတယ်။တီ
တီတန့်တန့်ကြွားလို့အားကျမခံပြန်ကြွားလိုက်တာ..ဟီးဟီ
:P :P :)

အိတာ said...

နည်းတော့နည်းသေးတယ်....
၁လလောက်မထနိုင်အောင်ရိုက်ရမှာ...အ
အချိုးမှမပြေတာ...
ပြောရင်လည်းပြောတဲ့သူလွန်တယ်ဖြစ်မယ်....
ဟီဟီ
နာပိုင်သကွာ

khin oo may said...

ဘာလေး များ မွေးပါလိမ.် လို. လန့်သွားတာဘဲ။

မေမိုးမခ said...

ဟေ
အစ်ကိုသားစို အကိုခေါ်တာ မကြိုက်ဘူးဆိုတော့ ပိုခေါ်ချင်တယ်
တစ်ခု မေးမယ်
ကလေးရောမွေးလာဟင်
မေမိုးမခ

Unknown said...

မွေးမြူရေး ၀ါသနာပါတယ်ဆိုတော့ အခုကော ဘယ်နှစ်ယောက် မွေးထားလဲဗျ.....ဟေးးး ဟေးးး