Wednesday, June 25, 2008

အကိုလို့ခေါ်ရင် စိတ်ဆိုးတယ် . . .

သားစိုးက (၁၀)တန်းကို တစ်နှစ်ထဲနဲ့ ကျောင်းနှစ်ကျောင်းပြောင်းတက်ပြီး သုံးကျောင်းမြောက်က စာစစ်ဌာနမှာ ဖြေပြီး(၁၀)တန်းအောင်လာတာ ...။ ဟဲ ဟဲ ဟဲ ... မျက်စိရှုပ်ကုန်ပြီထင်တယ် ...။

ဒီလိုဗျ ... သားစိုးက (၁၀)ကို နှစ်တဝက်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမြို့ကနေ ... မြန်မာနိုင်ငံအောက်ပိုင်းမြို့ကို ကျောင်းပြောင်းလာရတာ ..။ ကျောင်းပြောင်းတဲ့အချိန်ကလည်း (၁၂)လပိုင်းလောက်မှဆိုတော့ (၁၀)တန်းဖြေခွင့်လက်မှတ်တွေ၊ ခုံနံပါတ်တွေတောင် ကျခါနီးနေပြီလေ ..။ ဒါပေမယ် .. သားစိုးကျောင်းပြောင်းရတော့ စာစစ်ဌာနပါပြန်ပြောင်းရတာပေါ့ ...။ အဲ့လိုစာစစ်ဌာနပြောင်းလိုက်ရတော့ သားစိုးရတဲ့ ခုံနံပါတ်က အဲ့ဒီမြို့ရဲ့ နောက်ဆုံးနီးပါးလောက် ခုံနံပါတ်ကိုရတယ် ...။ (၁၀)တန်းခုံနံပါတ်ပေးတာက အားလုံးသိကြတဲ့အတိုင်းပဲ ကျောင်းဖြေကျောင်းသားတွေပြီးမှ အပြင်ဖြေကျောင်းသားတွေကို ခုံနံပါတ်ပေးတာလေ ။ သားစိုးခုံနံပါတ်က အပြင်ဖြေကျောင်းသားတွေထက်တောင် နောက်ကျနေသေးတယ် ...။ အဲ့ဒီတော့ စာမေးပွဲခန်းထဲမှာ ကျောင်းဖြေကျောင်းသားဆိုလို့ သားစိုးတစ်ယောက်ပဲရှိတယ် ..။ ဖြေရတဲ့ နေရကလည်း အထက်ကျောင်းက စာစစ်ဌာနမှာ မဟုတ်ဘူးဗျ..။ အပြင်ဖြေတွေအတွက် ဖွင့်ပေးထားတဲ့ အလယ်တန်းကျောင်းက စာစစ်ဌာနမှာ...။ ကျန်တဲ့လူတွေက သားစိုးထက်အသက်ကြီးတဲ့ အပြင်ဖြေ နှစ်ကျသမားတွေလေ ..။ အချို့ဆို အသက်တော်တော်လေးကို ကြီးနေပြီ.. တချို့ဆို ကား Workshop

Read More...

Tuesday, June 24, 2008

သားစိုးသိတဲ့ ချစ်ဒုက္ခ

အချစ်ငရဲ (၂)မျိုး
၁။ ချစ်သူနဲ့ အတူမနေရခြင်း
၂။ မချစ်မနှစ်သက်သူနဲ့ အတူနေရခြင်း

အချစ်ဒုက္ခ (၂)မျိုး
၁။ ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပြန်မချစ်ခြင်း
၂။ ကိုယ်မချစ်တဲ့သူက ကိုယ့်ကိုလာချစ်နေခြင်း

-----------------------------------------------------------

စိတ်ကူးတည့်ရာတွေ ရေးထားတာ ...။ ဟုတ်မဟုတ်ဆိုတာတော့ ကိုယ်တိုင်ကြုံမှပဲ သိတော့မှာပဲ ... ဟဲ ဟဲ ဟဲ ။

Monday, June 9, 2008

မခွဲနိုင် မခွာရက်သောကြောင့်

ပျိုရွယ်သူတို့က မျှော်လင့်ချက်နှင့်အသက်ရှင်၍​ ကြီးရင့်သူတို့က သတိရတမ်းတခြင်းနှင့် အသက်ရှင်တတ်၏ ...တဲ့ ..။

ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲကပဲ ... ဘယ်စာအုပ်လဲတော့ မမှတ်မိတော့ဘူး..။ အင်း .... သားစိုးလဲ အသက်က (၂၈)နှစ်ကျော်လို့ (၂၉)ထဲတောင်ရောက်နေ ပြီဆိုတော့ သတိရတမ်းတရတော့မယ့် အရွယ်ရောက်နေပြီလား မသိပါဘူး...။ တစ်ခါ တစ်ခါ ငယ်ငယ်က အကြောင်းတွေ ပြန်ပြန်သတိရနေတယ်..။

သားစိုးကို သူငယ်တန်းစပြီးထားတုန်းက သားစိုးတို့ အိမ်နီးနားချင်းက ကောင်မလေးတစ်ယောက်ကိုပါ သားစိုးနဲ့ အတူတူ သူငယ်တန်းလိုက်အပ်တယ် ...။ သူ့မှာက ကျောင်းသွားဖို့ အဖော်မရှိ.. သူ့အိမ်ကလည်း ကျောင်းကို လိုက်မပို့ပေးနိုင်ဆိုတော့ သားစိုးကို သားစိုးအဒေါ်က ကျောင်းလိုက်ပို့ရင် အဲ့ဒီကောင်မလေးကိုပါ အဒေါ်က ကျောင်းကိုခေါ်သွားပေးရတာ..။ ကျောင်းကနေပြန်ရင်လည်း သားစိုးနဲ့ အတူတူပဲ ပြန်ခဲ့ဖို့ သူ့အိမ်ကမှာထားတော့ ဘယ်သွားသွား သားစိုးနဲ့ အတူတူ တကောက်ကောက်ပဲ ...။ အတန်းထဲမှာ ထိုင်ရင်တောင်မှ သူ့ကို မိန်းခလေးတန်းဘက်မှာ သွားထိုင်ခိုင်းလို့မရဘူး ..။ သွားထိုင်ခိုင်းတာနဲ့ ငိုတော့တာပဲ ..။ ဒါနဲ့ ဆရာမလည်း သားစိုးဘေးမှာပဲ သူ့ကိုထိုင်ခိုင်းရတယ် ...။ အဲ့ ရှူရှူးပေါက်ရင်တောင်မှ မိန်းခလေးအိမ်သာဘက်မသွားဘူးဗျ ... သားစိုးနဲ့ အတူတူလိုက်တာ... ။ နောက်တော့ သူ့ကို သားစိုးက သူတို့ မိန်းခလေး အိမ်သာဘက်အရင် လိုက်ပို့ ... သားစိုးက အိမ်သာရှေ့ကရပ်စောင်နေရသေးတယ် ...။ သူ့ကိစ္စပြီးမှ သားစိုးက ကိုယ့်ကိစ္စ ကိုယ်ရှင်းရတယ် ...။ (သူ့အိမ်ကစကားကို အဲ့လို အတိအကျကို နားထောင်တာ ...။)
ဆက်ပြောပြဦးမယ် ....။

Read More...

Wednesday, June 4, 2008

သားစိုး ရွှေအိုးထမ်းကိန်း

သားစိုးက ငယ်ငယ်တုန်းက ဘာသာတရားအရမ်းလိုက်စားတာဗျ ...။ ဘုရားစာအုပ်တွေ တရားစာအုပ်တွေဆိုရင်လည်း လက်လှမ်းမှီသလောက်အကုန်ဖတ်ဖူးတယ် ...။ အဲ့ဒီတော့ ဘုရားတရားနဲ့ ပတ်သတ်ရင် တော်တော်များများ ဖောလို့ တတ်တာပေါ့ဗျာ .. ဟဲ .. ဟဲ ..ဟဲ ..။
သားစိုး(၁၀)တန်းအောင်တဲ့နှစ် အသက်(၁ရ)နှစ်လည်းပြည့်တဲ့မွေးနေ့မှာ သားစိုးတို့ရွာ ရွာဦးကျောင်းက ဘုန်းဘုန်းဆီမှာ မွေးနေ့ဆွမ်းသွာကပ်လှူကြတယ် ...။ အဲ့ဒီတုန်းက အဖေရယ် အမေရယ် သားစိုးရယ်ပေါ့ အတူတူသွားကြတာ..။ သားစိုးဆွမ်းသွားကပ်တော့ ဘုန်းဘုန်းကမေးတယ် ... ဘာအတွက်ကပ်တဲ့ ဆွမ်းလဲတဲ့ ..။ မှန်လှပါဘုရား ... တပည့်တော် မောင်သားစိုး အသက်(၁၇)နှစ်ပြည့်လို့ ကပ်တဲ့ဆွမ်းပါဘုရားပေါ့ ..။ အေး အေး ..သာဓု..သာဓု ..သာဓု ကွယ်လို့ ဘုန်းဘုန်းကပြောပြီး ... ထုံစံအတိုင်း ဆွမ်းတရားဟောတာပေါ့ဗျာ ..။
အဲ့ဒါလည်းဟောပြီးရော ... မေင်သားစိုးတဲ့ မင်းဒီအသက်အရွယ်ရောက်လာတာ မိဘတွေရဲ့ကျေးဇူးကြောင့်ကွဲ့ ...

Read More...