Wednesday, June 4, 2008

သားစိုး ရွှေအိုးထမ်းကိန်း

သားစိုးက ငယ်ငယ်တုန်းက ဘာသာတရားအရမ်းလိုက်စားတာဗျ ...။ ဘုရားစာအုပ်တွေ တရားစာအုပ်တွေဆိုရင်လည်း လက်လှမ်းမှီသလောက်အကုန်ဖတ်ဖူးတယ် ...။ အဲ့ဒီတော့ ဘုရားတရားနဲ့ ပတ်သတ်ရင် တော်တော်များများ ဖောလို့ တတ်တာပေါ့ဗျာ .. ဟဲ .. ဟဲ ..ဟဲ ..။
သားစိုး(၁၀)တန်းအောင်တဲ့နှစ် အသက်(၁ရ)နှစ်လည်းပြည့်တဲ့မွေးနေ့မှာ သားစိုးတို့ရွာ ရွာဦးကျောင်းက ဘုန်းဘုန်းဆီမှာ မွေးနေ့ဆွမ်းသွာကပ်လှူကြတယ် ...။ အဲ့ဒီတုန်းက အဖေရယ် အမေရယ် သားစိုးရယ်ပေါ့ အတူတူသွားကြတာ..။ သားစိုးဆွမ်းသွားကပ်တော့ ဘုန်းဘုန်းကမေးတယ် ... ဘာအတွက်ကပ်တဲ့ ဆွမ်းလဲတဲ့ ..။ မှန်လှပါဘုရား ... တပည့်တော် မောင်သားစိုး အသက်(၁၇)နှစ်ပြည့်လို့ ကပ်တဲ့ဆွမ်းပါဘုရားပေါ့ ..။ အေး အေး ..သာဓု..သာဓု ..သာဓု ကွယ်လို့ ဘုန်းဘုန်းကပြောပြီး ... ထုံစံအတိုင်း ဆွမ်းတရားဟောတာပေါ့ဗျာ ..။
အဲ့ဒါလည်းဟောပြီးရော ... မေင်သားစိုးတဲ့ မင်းဒီအသက်အရွယ်ရောက်လာတာ မိဘတွေရဲ့ကျေးဇူးကြောင့်ကွဲ့ ... ဒါကြောင့်မိဘကျေးဇူးကိုလည်း မမေ့ရဘူးတဲ့ ... မိဘလုပ်ကျွေးတဲ့ သားများ ဘယ်တော့မှ ဆင်းရဲဒုက္ခမရောက်ဘူးကွဲ့ ဆိုပြီး သုဝဏ္ဏသာမဇာတ်တော်ကို ထပ်ဟောရောဗျ ... ။
အဲ့လိုဟောတော့ဗျာ ... အများသိကြတဲ့ အတိုင်းပဲ ဒုကုလ နဲ့ ပါရိကာ တို့ (၂)ယောက်က ဗြမ္မာ့ပြည်ကနေ နတ်သက်ကြွေပြီး လူဖြစ်လာတဲ့ သူတွေဆိုတော့ အိမ်ထောင်မှုပြုရမှာ မလိုလားဘူးလို့ ဟောနေတဲ့ အခန်းဗျ ..။ ဘုန်းဘုန်းက ဘာပြောလဲဆိုတော့..ဒုကုလ က အရင်ဘဝက ဗြမ္မာကြီး .. ပါရိကာက အရင်ဘဝက ဗြမ္မာမကြီးလို့ ပြောရောဗျ ....
အဲ့ဒီမှာတင် သားစိုးက ဘုန်းဘုန်းဘုရား ခဏလောက်နေပါဦးဘုရားပေါ့ ... တပည့်တော်စာအုပ်တွေထဲမှာ ဖတ်ဖူးတာကတော့ ဗြမ္မာမှာ အဖို အမဆိုတာ မရှိဘူးလို့ပဲ ဖတ်ဖူးတာပါဘုရား... ဘုန်းဘုန်းဟောတာမှားနေပြီး ဘုရားလို့ဆိုပြီး .. သားစိုးက ဘုန်းဘုန်းကို စေတနာလေးနဲ့ ထောက်ပေးလိုက်တာပါ ..။
အဲ့ဒီမှာတင် ဘုန်းဘုန်းက ဘေးနာမှာရှိတဲ့ ကြိမ်လုံးကို ဆွဲပြီး မင်းက ဘုန်းကြီးလား .. ငါကဘုန်းကြီးလား ဆိုပြီး သားစိုးကို လိုက်ရိုက်တော့တာပဲဗျို့ .... သားစိုးမှာ .. သားရွှေအိုးထမ်းတဲ့ အခန်းလေးတောင် မရောက်လိုက်ဘူး ... အိမ်ကို ဖနှောင့်နဲ့ တင်ပါး တစ်သားတည်းကျအောင်းပြေးလိုက်ရတာပဲ ...။
အိမ်ကို အဖေနဲ့ အမေပြန်ရောက်တော့ အပိုဆောင်းအနေနဲ့ ကြိမ်လုံး မွေနေ့လက်ဆောင်လေးတောင်ရလိုက်သေးဗျာ .... ။ ဟီ ဟီး ... ။

6 Comments:

Anonymous said...

ဘုန်ကြီးကို မှ ဆရာသွားလုပ်ရသလားဗျာ ဖြစ်မှဖြစ်ရလေ တော်တော် တရားဘာဝနာ ပွားများတာပဲ သာဒု သာဒုး)

အိတာ said...

ဖြစ်ရမယ် ....မယ် သားစိုးတို့ ကတော့ ဒုတ်ကြီးကြီးနဲ့ရိုက်ခံရတာတောင်နည်းသေးတယ် :D

ရွှန်းမီ said...

အင်. . . . အဲလိုကြီးလား . .
အကောင်းနဲ့လဲ ပြောပြရသေးတယ်။
သူက မရှင်းပြတဲ့အပြင် ပါဝါက ပြလိုက်သေးတယ်။
မရှင်းတာ ပြန်မေးတာနဲ့ပဲ ရိုက်ရရောလား . .။

Apprenticeship said...

အင်း လူကြီးတွေ အမှန်ကိုဝန်ခံတတ်ဘို့ သင်ပေးရမယ် :P

ကိုရင်နော်ခင်လေးငယ် said...

ဟား.......ဟား..
ရှယ် မွေးနေ့လက်ဆောင်ပေါ့..။

PP said...

ငယ်ငယ်တုန်းက ဘာသာရေးလိုက်စားတယ်ဆိုတော့ ကြီးလာတော့ ....... :P သားစိုးပြောသလို ၀င်ပွားကြည့်တာပါ.