Monday, June 9, 2008

မခွဲနိုင် မခွာရက်သောကြောင့်

ပျိုရွယ်သူတို့က မျှော်လင့်ချက်နှင့်အသက်ရှင်၍​ ကြီးရင့်သူတို့က သတိရတမ်းတခြင်းနှင့် အသက်ရှင်တတ်၏ ...တဲ့ ..။

ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲကပဲ ... ဘယ်စာအုပ်လဲတော့ မမှတ်မိတော့ဘူး..။ အင်း .... သားစိုးလဲ အသက်က (၂၈)နှစ်ကျော်လို့ (၂၉)ထဲတောင်ရောက်နေ ပြီဆိုတော့ သတိရတမ်းတရတော့မယ့် အရွယ်ရောက်နေပြီလား မသိပါဘူး...။ တစ်ခါ တစ်ခါ ငယ်ငယ်က အကြောင်းတွေ ပြန်ပြန်သတိရနေတယ်..။

သားစိုးကို သူငယ်တန်းစပြီးထားတုန်းက သားစိုးတို့ အိမ်နီးနားချင်းက ကောင်မလေးတစ်ယောက်ကိုပါ သားစိုးနဲ့ အတူတူ သူငယ်တန်းလိုက်အပ်တယ် ...။ သူ့မှာက ကျောင်းသွားဖို့ အဖော်မရှိ.. သူ့အိမ်ကလည်း ကျောင်းကို လိုက်မပို့ပေးနိုင်ဆိုတော့ သားစိုးကို သားစိုးအဒေါ်က ကျောင်းလိုက်ပို့ရင် အဲ့ဒီကောင်မလေးကိုပါ အဒေါ်က ကျောင်းကိုခေါ်သွားပေးရတာ..။ ကျောင်းကနေပြန်ရင်လည်း သားစိုးနဲ့ အတူတူပဲ ပြန်ခဲ့ဖို့ သူ့အိမ်ကမှာထားတော့ ဘယ်သွားသွား သားစိုးနဲ့ အတူတူ တကောက်ကောက်ပဲ ...။ အတန်းထဲမှာ ထိုင်ရင်တောင်မှ သူ့ကို မိန်းခလေးတန်းဘက်မှာ သွားထိုင်ခိုင်းလို့မရဘူး ..။ သွားထိုင်ခိုင်းတာနဲ့ ငိုတော့တာပဲ ..။ ဒါနဲ့ ဆရာမလည်း သားစိုးဘေးမှာပဲ သူ့ကိုထိုင်ခိုင်းရတယ် ...။ အဲ့ ရှူရှူးပေါက်ရင်တောင်မှ မိန်းခလေးအိမ်သာဘက်မသွားဘူးဗျ ... သားစိုးနဲ့ အတူတူလိုက်တာ... ။ နောက်တော့ သူ့ကို သားစိုးက သူတို့ မိန်းခလေး အိမ်သာဘက်အရင် လိုက်ပို့ ... သားစိုးက အိမ်သာရှေ့ကရပ်စောင်နေရသေးတယ် ...။ သူ့ကိစ္စပြီးမှ သားစိုးက ကိုယ့်ကိစ္စ ကိုယ်ရှင်းရတယ် ...။ (သူ့အိမ်ကစကားကို အဲ့လို အတိအကျကို နားထောင်တာ ...။)
ဆက်ပြောပြဦးမယ် ....။ သားစိုးက ကျောင်းထားစတုန်းကဆို အဒေါ်က စာသင်ခန်းအပြင်ကနေ ကျောင်းဆင်းတဲ့ အထိ ရပ်ပြီးစောင့်ပေးနေရတယ် ။ သားစိုးက စာသာသင်နေတာ ... အခန်းအပြင်ကိုတော့ အမြဲ လှမ်းပြီး Check လုပ်တယ်ဗျ ..။ အဒေါ်ကို မတွေ့တော့ဘူဆိုတာနဲ့ ... သားစိုးလည်း ငိုပြီး လွယ်အိတ်ကောက်လွယ်ပြီး အိမ်ပြန်တာပဲ ...။ အဲ့လိုဆိုရင် အဲ့ဒီကောင်မလေးလဲ ငိုပြီး သားစိုးလွယ်အိတ်ကိုဆွဲ ပြီး နောက်ကနေ လိုက်တော့တာပဲ ...။ အိမ်ရောက်ရင် အဒေါ်က ဆော်ပလော်တီးပြီး ကျောင်းကို ပြန်ပြန်လွှတ်တာ ...။ သားစိုးရဲ့ အတန်းပိုင်ဆရာမဆိုရင် သားစိုးကို အိမ်အထိ လိုက်လိုက်ပြီးခေါ်ရတာ ခဏခဏပဲ ..။
သားစိုး နေမကောင်းဖြစ်လို့ ကျောင်းမတက်ဘူးဆိုရင် အဲ့ဒီကောင်မလေးလဲ ကျောင်းသွားခိုင်းလို့မရဘူးဗျာ..။ သူနေမကောင်းရင်တော့ သားစိုးကတော့ ကျောင်းသွားတာပါပဲ ...။ အဲ့ဒီလိုမျိုး သားစိုးက ငိုပြီး အိမ်ပြန်ရင် သူပါလိုက်ပြန် ... သားစိုးကျောင်းမတက်ရင် သူပါမတက်ဆိုတော့ ... ကြာလာတော့ စာတွေမလိုက်နိုင်ဖြစ်တာပေါ့ ...။ သားစိုးက ဉာဏ်ကောင်းပြီးသားဆိုတော့ အရင်နေ့က သင်ပြီးသားစာတွေဆိုလည်း ... ဆရာမက မုန့်စားဆင်းချိန် ပြန်သင်ပေးရင် ခဏလေးနဲ့ ရတာပဲ ..။ သူကကျတော့ မရဘူးလေ...။
စာမေးပွဲတွေလည်းဖြေရော ... သားစိုးကအောင်ပြီး သူကတော့ ကျပါလေရောဗျာ ...။
အင်း ... အဲ့လိုလေးတွေ .. ငယ်ငယ်က အကြောင်းတွေ ပြန်စဉ်းစားလိုက်ရင် လူတောင် အလိုလို ပြန်ပြီး နုပျိုသွားသလို ခံစားရတယ်ဗျာ ...။
ဒါကြောင့် . . . ပျိုရွယ်သူတို့က မျှော်လင့်ချက်နှင့်အသက်ရှင်၍​ ကြီးရင့်သူတို့က သတိရတမ်းတခြင်းနှင့် အသက်ရှင်တတ်၏ ....။

8 Comments:

RePublic said...

အတူတူပါပဲ သားစိုးရယ် ...ခံစားချက် (သို့) အသက် ...ရှုး တိုးတိုး ဗျ ၊သိကုန်မယ်

ကိုရင်နော်ခင်လေးငယ် said...

သြော်............အသက်အသက်...
........................ဟူး
;P

အညာသား said...

ဟင်........ တန်းလန်းကြီး။ :P

Anonymous said...

ဘာမှလည်းမရေးရသေးနဲ့  နောက်မှပဲ ဆက်ရေးတော့မယ်တဲ့ ဘီလိုကြီးလဲမတိး)

အိတာ said...

ဖြစ်ရမယ် သူငယ်တန်းထဲက ဟိုစိတ်ဒီစိတ်တွေနဲ့  :P

mgthonnya said...

သြော်....ဒီအရွယ်တောင်ရောက်နေပြီကိုး
ဟိဟိ..မှီသေးတယ်နော်ကြိုးစားထား:P

ပန်းခရေ said...

အော်....ကြီးရင့်တော့မယ်နော်...
မီသေးတယ် ..ကြိုးစား ဘိုးဘွားရိပ်သာရောက်တဲ့အထိ ကြိုးစားပိုင်ခွင့်ရှိတယ်..ဟိဟိ ဘယ်သူပြောာတာလဲတော့သိဘူး ..ခုလောလောဆယ် ကျနော်ရေးတာ..ဟိ
ကောင်းတယ်သားစိုးရ စာရေးကောင်းတယ် ဆက်ရေး အားပေးတာယ်

Anonymous said...

အော်....ဆက်ရေးတာကို အခုမှ လာဖတ်ဖြစ်တယ် မသိလိုက်ပါလားနော်း) ကောင်း၏ ကောင်း၏