Saturday, May 31, 2008

ဂတုံးသားစိုး

လူကြီးမိဘတွေက တစ်ခါတလေမှာ နားလည်ရတော်တော်ခက်တယ်ဗျ။ သားစိုးငယ်ငယ်တုန်းက (သူငယ်တန်းကနေ (၅)တန်းအထိ) အဒေါ်လင်မယားနဲ့ အတူနေခဲ့ရတာ...။ သားစိုးကိုလည်း အတော်လေးကိုချစ်ကြရှာပါတယ်..။ ချစ်လွန်းလို့ မျက်စိအောက်ကကို အပျောက်မခံဘူး...။ အဲ့လိုချစ်လွန်းတော့လည်း အချစ်ခံရတာကြီးကို တော်တော်လေးစိတ်ကုန်မိတယ်..။ တခါတလေကျရင် အဒေါ်သာ ငါ့ကို တော်တော်လေး မုန်းပြီး ကြည့်မရ ဖြစ်နေရင် ကောင်းမှာပဲလို့တောင် တွေးမိတာ။
ကဲ .. သားစိုး ဂတုံးဖြစ်ရတာလေးကို ပြောပြဦးမယ်..။
သားစိုးက ငယ်ငယ်တုန်းကဆိုရင် ဆံပင်ညှပ်ရင် ဘဲမြှီးပဲညှပ်တယ်.. ( ခေါင်းဖြီးရတာ အလုပ်ရှုပ်လို့)။ အဒေါ်က .. သားစိုးရေ ဆံပင်သွား ညှပ်ခဲ့ဆိုရင် လာမေးမနေနဲ့ ဘဲမြှီးပဲ ညှပ်ခဲ့တာ..။ တစ်ခါ နှစ်ခါတုန်းကတော့ အဒေါ်ကသဘောကျတာပေါ့ဗျာ။ ဘဲမြှီးကေဆိုတော့ ဆံပင်ညှပ်ခလည်း သက်သာတယ် .. ခဏခဏလည်း ဆံပင်မညှပ်ရဘူးပေါ့ (အဲ့ဒီတုန်းက ဘိုကေ-၁ကျပ်၊ ဘဲမြှီး-၅မူး၊ ဂတုံး-၁မတ် ခေတ်ဗျ..) ။ နောက်ပိုင်းကျတော့ သားစိုးရဲ့ ဘဲမြှီးကို အမြင်ကပ်လာရော။ နင့်မျက်နှာနဲ့ ဘဲမြှီးနဲ့ ကြည့်ရတာတော်တော်ဆိုးတယ်တဲ့...။ နောက်တစ်ခါ ဆံပင်ညှပ်ရင် ဘိုကေညှပ်ခဲ့တဲ့ ...။ သားစိုးကလည်း ဘိုကေကို ညှပ်ချင်ဘူးလို့ ..။ ဗိုလ်ချုပ်အောင်ဆန်းကေနဲ့တူတဲ့ ဘဲမြှီးပဲညှပ်ချင်တယ်လို့ ။ အဲ့လိုပြောတော့ အဒေါ်က ... အေး ..နင့်ဟာနင် ဘာကေပဲညှပ်ညှပ် ဘဲမြှီးမဟုတ်ရင်ပြီးတာပဲ ... ဘဲမြှီးညှပ်လာလိုကတော့ အသေပဲ လို့ဆိုပြီး ပြောရောဗျ..။ ဟဲ..ဟဲ..ဟဲ.. သားစိုးပဲလေ ..။ ကိုယ်လုပ်ချင်တာ မလုပ်ရလို့ကတော့ လုပ်လို့ရတာကို လုပ်ပစ်လိုက်တာပေါ့ ..။ ဘာကေမှကို မညှပ်ခဲ့ဘူး ..။ ဂတုံးပဲ တုံးခဲ့လိုက်တယ်။ ပိုတဲ့ ပိုက်ဆံ ၃မတ်ကိုလည်း ပြန်မပေးဘူးဗျာ..။ မုန့်ပါ ဝယ်စားပစ်လိုက်တာပေါ့..။
အဲ့ဒီကတည်းက စပြီး အဒေါ်က သားစိုးရဲ့ ဆံပင်ညှပ်ရေးတွေမှာ ဝင်ရောက်စွက်ဖက်ခြင်းမရှိတော့ဘူးဗျာ ...။ ဂတုံး(၁)လုံးရဲ့ အကျိုးအမြတ်တွေပေါ့ ... ဟဲ ..ဟဲ ..ဟဲ ။

4 Comments:

ပန်းခရမ်းပြာ said...

အဲ့ဒီတုန်းက ဘိုကေ-၁ကျပ်၊ ဘဲမြှီး-၅မူး၊ ဂတုံး-၁မတ် ခေတ် မှာ ၅တန်းဆိုတော့ အခု သားစိုး အသက်ကို တွက်ကြည့်လိုက်ဦးမယ်။

T.S said...

ဟဲ ဟဲ ဟဲ .. ကိုသားစိုး အသက်ကိုတွက်လို့ရပြီးလား ... :P
အဲ့ဒီကာလတုန်းက ၁၉၈၇ - ၁၉၉၀ ၀န်းကျင်လောက်ကပေါ့ဗျာ..။ ဒါပေမယ့် ရန်ကုန်မှာတော့ ဟုတ်ဘူးနော်..။ ကျွန်တော်တို့ရွာကို ညောင်ပင်သာရွာလို့ ခေါ်ပါသည်ဆိုတဲ့ .. ညောင်ပင်သာရွာမှာပါကွယ် ...။ ဟီ ဟီး ...

Unknown said...

ဟား....ဟား....သပိတ်မှောက်နည်း မိုက်တယ်ဗျာ။ ကျွန်တော် ငယ်ငယ်က ဒီဆောင်းပါးလေး ဖတ်မိရင် သိတ်ကောင်းမှာဗျာ..... တဂွင်လွှတ်သွားတယ်..D;

Apprenticeship said...
This comment has been removed by the author.